FORGOT YOUR DETAILS?

Current Exhibition

SUPPORTING THE DOCUMENTARY ARTS

"To nurture a vibrant and active community of photographers, filmmakers and multimedia practitioners committed to producing quality, in-depth, independent documentary work on the developing social landscape of Myanmar and its people.”

Education

Development of workshop programs and hosting of speaking events with local and international photographers and filmmakers.

Exhibition

Hosting of documentary photography exhibitions and screening of documentary film and multimedia.

Project Support

Support for documentary photography, film and multimedia projects related to Myanmar and its people.

MEMORY LANE

Yu Yu Myint Than

19 October - 4 November | 11am - 5pm (except Mondays)

“I wanna go back home” are the words I frequently heard from San Kay Khine whenever I visited her in the hospital.

San Kay Khine spent 5 years as a tortured captive at a tailor shop in Yangon and was rescued after a report by investigative journalist Ko Swe Win. All knuckles of both hands were broken. Her arm was severely twisted and initially she could not stand for more than 15 minutes.

Hospitalized for months in order to undergo several surgeries she is now at shelter from social welfare department and cannot return home befoe her case is finished. She always says "I wanna go home" without knowing when.

I visited her home village Baw Lone Kwin to meet her parents. I had never been there before, but as soon as I got there it felt familiar. The rain trees, bamboo, the cows, the smell of soil after rain and the breeze from the paddy fields made me feel welcomed. I felt like I could hear giggles of San Kay Khine in her childhood and imagined the ghost stories she shared at night with her friends. I felt like that village was my own homecoming. That unexplainable feeling of nostalgia is strange but beautiful.

I breathed in her childhood's memories of that village, visited her home village through her nostalgia to recreate this "Memory Lane", which is a beautiful gift for both of us.

"သမီးအိမ်ပြန်ချင်ပြီ" ဆိုတဲ့စကားလုံးတွေဟာ ဆေးရုံတင်ထားရတဲ့ စန်းကေခိုင် ဆီအလည်သွားတိုင်း ကျွန်မအမြဲလိုလိုကြားရတဲ့ စကားတွေပါဘဲ။ စန်းကေခိုင်ဟာအသက် ၁၇နှစ်အရွယ်ရှိပြီး ရန်ကုန်မြို့ရဲ့ နာမည်ကြီးအပ်ချုပ်ဆိုင်တစ်ဆိုင်မှာ အိမ်အကူအဖြစ်လုပ်ကိုင်စဉ် ၅နှစ်ကျော် နှပ်စက်ခြင်းခံခဲ့ရပါတယ်။ မြန်မာနောင်းမှ သတင်းထောက်တစ်ယောက်ဖြစ်သူ ကိုဆွေဝင်းမှ သူမဖြစ်စဉ်ကို သိရှိခဲ့ရာမှ အဖြစ်မှန်ကို သိရှိပြီး သူမကို ထိုအိမ်မှ ကယ်တင်နိုင်ခဲ့ပါတယ်။ သူမ လွတ်မြောက်နိုင်ခဲ့သော်လည်း သူမ လက်နှစ်ဖက်လုံးမှ လက်ဆစ်ကလေးများကျိုးပြီး သူမရဲ့ လက်များမှာလည်း နှိပ် စက်မှုကြောင့် လိမ်ကောက်နေပြီး ခြေထောက်များမှာလည်း ၁၅မိနစ်ထက်ပင် ပိုပြီး မရပ်နိုင်ခဲ့ပါ။

ထိုဝေဒနာများကြောင့် ရန်ကုန်ဆေးရုံကြီးတွင် လပေါင်းများစွာ ခွဲစိတ်ကုသမှုများ ခံယုခဲ့ရပါတယ်။ ယခုအချိန်မှာတော့ လူမှုဝန်ထမ်းလေ့ကျင့်ရေးကျောင်းတွင် အချုပ်အလုပ်ပညာသင်ကြားနေပါတယ်။ ကေကေအဖို့ မည်သို့ ပင် အိမ်ကိုလွမ်းဆွတ်စေကာမူ သူမ၏ အမှုမပြီးပြတ်သေးခင်အထိ လုံခြုံရေးအရ အိမ်ပြန်ခွင့်မရသေးပါ။ ကေကေတစ်ယောက် မည်သည့်အချိန်အိမ်ပြန်မည်ကို မသိရသေးသော်လည်း အိမ်ပြန်ချင်တယ်အမရယ် ဟု ကျွန်မကို ရင်ဖွင့်လေ့ရှိပါတယ်။

ကေကေမပါဘဲ ကျွန်မ သူမရဲ့မိဘများနဲ့တွေ့ဆုံဖို့ သူတို့ရဲ့ဇာတိရွာလေးကိုအလည်သွားခဲ့ပါတယ်။ ရန်ကုန်တိုင်းတွင် ရှိသော်လည်း ဝေးလံတဲ့ရွာတွေထဲကတစ်ရွာဖြစ်တဲ့ ဘောလုံးကွင်းရွာဆိုတာကို ကျွန်မကြားလည်းမကြားဖူးခဲ့ဘူး၊ ရောက်လည်းမရောက်ဖူးခဲ့ပါဘူး။ ရွာကိုရောက်ရောက်ချင်းမှာတော့ အရင်ကအဲဒီရွာလေးကို ရောက်ဖူးနေသလို ထူးထူးခြားခြားခံစားမိပါတယ်။ ကေကေတို့အိမ်နားမှ သစ်ပင်၊ဝါးပင်တွေနဲ့ သူမရဲ့မိသားစု မွေးမြူ ထားတဲ့နွားတွေကိုမြင်မြင်ချင်း ကျွန်မအဖို့ ယခင်ကတည်းက ရောက်ဖူးနေသလို ရင်းရင်းနှီးနှီးခံစားလိုက်ရပါတယ်။ စပါးခင်းတွေကိုဖြတ်ပြီးတိုက်ခတ်လာတဲ့လေပြေလေညင်း နဲ့ မိုးကျကာစ မြေသင်းနံ့တို့က ကျွန်မကိုကြိုဆိုလျက်ရှိနေတယ်။ ငယ်စဉ်ကလေးသဘာဝအလျောက် သူငယ်ချင်းများနဲ့ ပြေးလွှားဆော့ကစားနေမယ့် စန်းကေခိုင်ရဲ့တခစ်ခစ်ရယ်မောသံတွေ၊ ညအခါမှာ သူမရဲ့သူငယ်ချင်းများနဲ့ သရဲပုံပြင်များအချင်းချင်းပြောဆိုနေကြမယ့်ပုံရိပ်တွေကို ကျွန်မစိတ်ထဲ မြင်ယောင်ကြားယောင်မိနေတယ်။

ကျွန်မအနေနဲ့ စန်းကေခိုင် အမှတ်တရရှိခဲ့တဲ့ သူမရဲ့ ငယ်ဘဝ အမှတ်တရများကို ပြန်လည်မြင်ရောင်ပြီး သူမရွာကလေးကို ကေကေရဲ့ လွမ်းဆွတ်တမ်းတမှုများနဲ့ ရောက်ရှိခဲ့ပြီး ယခု "လွမ်းမောတမ်းတဖွယ် အိမ်ပြန်လမ်း" ဓါတ်ပုံမှတ်တမ်းကို ဘောလုံးကွင်းကျေးရွာလေးတွင် ဖန်တီးခဲ့ပါတယ်။ "လွမ်းမောတမ်းတဖွယ် အိမ်ပြန်လမ်း" သည် ကျွန်မတစ်ဦးတည်း၏ ဖန်တီးမှုမဟုတ်ဘဲ စန်းကေခိုင်နဲ့ ကျွန်မတို့ အတူ ဖန်တီးထားသော လက်ရာလေးဖြစ်ပြီး ကျွန်မတို့ ၂ ဦးအတွက် လှပသော လက်ဆောင်လေးတစ်ခုဟု ဆိုလျှင်လည်း မမှားနိုင်ပါ။

TOP