FORGOT YOUR DETAILS?

THE FIRST PHOTOJOURNALISM SCHOLARSHIP OF ITS KIND IN MYANMAR

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော စာနယ်ဇင်းဓါတ်ပုံဆိုင်ရာပညာသင်ဆု Angus McDonald စာနယ်ဇင်းဓါတ်ပုံဆိုင်ရာပညာသင်ဆုသည် မြန်မာနိုင်ငံတွင် ၎င်းပညာရပ်အတွက် ပထမဦးဆုံးသော ပညာသင်ဆုဖြစ်သည်။ ထိုဆု၏ရည်ရွယ်ချက်မှာ စာနယ်ဇင်းဓါတ်ပုံနယ်ပယ်တွင် အလားအလာရှိသောမြန်မာနိုင်ငံသားဓါတ်ပုံဆရာများကို မွေးထုတ်ပေးရန် နှင့် Pathshala South Asian Media Institute ၌ကျင်းပလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ဓါတ်ပုံပညာသင်ကြားရေးအစီအစဉ်တွင် နိုင်ငံတကာအဆင့်အတန်းရှိ ဓါတ်ပုံပညာသင်တန်းများကို နှစ်စဉ်ပညာသင်ဆုတစ်ဆုအနေဖြင့် မြန်မာနိုင်ငံသားများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ မြင့်တက်လာစေရန်တို့ဖြစ်သည်။ ပညာသင်ဆုကိုလက်ခံရရှိရန် နှစ်စဉ် ကျောင်းသားတစ်ယောက်ကိုရွေးချယ်သွားမှာဖြစ်ပြီး၊ ထိုဆုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Pathshala ကျောင်းဝန်းထဲ၌ ၅လကြာ သင်တန်းပေးမည့် အစီအစဉ်ကို တက်ရောက်ရန် ကုန်ကျစရိတ် နှင့် လိုအပ်သည့်အသုံးစရိတ်များပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် စာနယ်ဇင်းဓါတ်ပုံဆရာများအား လေ့ကျင့်ပျိုးထောင်ပေးခြင်း

နိုင်ငံတကာအဆင့်အတန်းမှီသင်ကြားမှုများပို့ချနိုင်ရန်သာမက ပြည်တွင်းလေ့ကျင့်သင်ကြားရေးအခွင့်အလမ်းများ တိုးတက်စေရေးကိုလည်း ညီတူညီမျှအသားခြင်းဖြင့် ထိုပညာသင်ဆုသည် အခြားနယ်ပယ်အသီးသီးမှ ပြုလုပ်လျက်ရှိသော သမရိုးကျပညာသင်ဆုများနှင့်မတူသည့် အရေးပါသောပညာသင်ဆုမျိုးဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းဆီ၏ တိုးတက်မှုကိုသာမက ထိုကဲ့သို့တိုးတက်လာသော ကျွမ်းကျင်မှုများ နှင့် အတွေ့အကြုံများ ကို အကျိုးရှိရှိအသုံးချကာ မြန်မာနိုင်ငံ၏ ဓါတ်ပုံပညာရပ် ပို၍ကျယ်ပြန့်တိုးတက်လာရေးတို့ကို ရရှိစေရန် ရည်ရွယ်ကာ ဤပညာသင်ဆုတွင်အပိုင်းနှစ်ပိုင်းပါဝင်မည်ဖြစ်သည်။

၂၀၁၇ခုနှစ် မှာစတင်ပြုလုပ်မည့် ၅လကြာပညာသင်ဆု အပြီးတွင်၂၀၁၈ခုနှစ် မြန်မာဒိဋ္ဌ၌ ၃လကြာပြည်တွင်းဓါတ်ပုံသင်ကြားရေးအစီအစဉ်ကို ဆက်လက်ကျင်းပရန်ရည်ရွယ်ထားသည်။ ၎င်းပညာသင်ဆုကို အောင်မြင်စွာ လက်ခံရရှိသူသည် သင်တန်း၏ သင်ကြားရေး နှင့် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို အကူအညီပေးရန် Pathshala မှ ဆရာများနှင့်အတူ ပြန်လာမည်ဖြစ်သည်။ ထိုသင်တန်းမှတဖန် နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုတစ်ဆုစီ ပြန်လည်ပေးအပ်ပြီး ရရှိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပညာသင်ယူပြီးလျှင် နောက်နှစ်တွင်ဆက်လက်ပြုလုပ်မည့်သင်တန်းအတွက် ကူညီထောက်ပံ့ပေးရန် ရန်ကုန်သို့ပြန်လာရမည်။

မြန်မာစာနယ်ဇင်းဓါတ်ပုံဆရာများအတွက် အလျဉ်းမပြတ်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားစေရေး

ထိုကဲ့သို့ ပညာသင်ဆုရရှိပြီးသူများကို မြန်မာနိုင်ငံသို့ပြန်လာစေကာ သူတို့ရရှိသင်ယူခဲ့ရသော အသိပညာများနှင့် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ပြန်လည်မျှဝေစေခြင်းဖြင့် အလျဉ်းမပြတ်စေရေး နှင့် ပိုမိုကျယ်ပြန့်စေရေးတို့ကို အဓိကအကောင်အထည်ဖော်ရန်ရည်ရွယ်ကာ Angus McDonald ပညာသင်ဆုသည် ပုံမှန်လည်ပတ်နေသော သင်ကြားမှုအစီအစဉ်တစ်ခုအဖြစ်တည်ရှိသွားမည်ဖြစ်သည်။ အနာဂတ်ကျောင်းသားများအတွက် အထောက်အကူပြုရန် လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆင့်ပွားမျှဝေသည့်နည်းဖြင့် ခိုင်မာသည့်အရပ်အဝန်းတစ်ခုကိုလည်း ဖန်းတီးသွားမည်။

ထိုပညာသင်ဆုအစီအစဉ်အတွက် လိုအပ်သည့်အထောက်အပံ့များကိုလည်း မြန်မာဒိဋ္ဌ မှ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါသည်။ အကယ်၍ ပိုမိုပြီးပြည့်စုံသော အချက်အလက်များကို ရယူနိုင်ရန် စိတင်စားပါက ကျေးဇူးပြုပြီး contact@deitta.org သို့ အီးမေးလ်ပို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

TOP